Sunday, June 23, 2013

Windows အတက်မှာ မိမိမတက်စေချင်တဲ့ Program တွေကိုပိတ်နည်း

Windows အတက်မှာ မိမိ မတက် စေချင်တဲ့ Program တွေကိုပိတ်နည်း ကျွန်တော်အခုတလော အများစု ခဏခဏ အဆင်မပြေ ဖြစ်နေတဲ့ နည်းလမ်းလေး တစ်ခုကို ရေးပေးပါမယ် .. ကျွန်တော်တို့ Windows စတက်တက်ချင်းမှာ Program တွေ အများကြီး တက်မလာစေချင်တဲ့သူတွေ ၊ Windows အတက်မှာ မိမိ မလိုအပ်တဲ့ Application တွေ တက်မလာအောင် ဖြုတ်ထားချင်တဲ့ သူတွေ ၊ မိမိတို့က Application တွေကို Uninstall လုပ်လိုက်ပေမယ့် လည်း Windows စတက်တက်ချင်းမှာ အဲ့ဒီဖြုတ်ပြီး သား Application က တက်တက်လာတာတွေကို ကြုံတွေ့နေရတဲ့ သူတွေအတွက် ဖြေရှင်းလို့ ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားမှာ ဖြစ်ပါတယ် ..နည်းလမ်းလေးကတော့ လွယ်ပါတယ် အရင်ဆုံး Keyboard မှ Ctrl + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ msconfig လို့ရိုက်ထည့်ပြီး OK ပေးလိုက်ပါ .. ဒါဆိုရင် System Configuration Box လေးပေါ်လာပါလိမ့်မယ် .. အဲမှာ startup မှာမိမိတို့Windowsစတက်တက်လာချင်းမှာမတက်စေချင်တဲ့Programတွေကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ .. ကိုယ်က ဘယ် Program ကို မတက်စေချင်တာလည်း ဆိုတာကိုတော့ နာမည်လေးတော့ သေချာ မှတ်ထားပေါ့ဗျာ .. တော်ကြာ မှားပြီး ဖြုတ်မိနေမှာ စိုးလို့ပါ .. ပြီးရင်တော့ Apply >> OK ပေးလိုက်ပါ .. Restart ပေးလိုက်ယုံပါပဲ .. ဒါဆိုရင်တော့ မိမိတို့ မတက်စေချင်တဲ့ Program ကို Windows တက်အလာမှာ တွေ့ရတော့မှာ မဟုတ်ပါဘူး.. အားလုံးပဲ အဆင်ပြေကြပါစေ ..